Dumpster diving ဆိုတာဘာလဲ?
သူက တော့ trash တို့ recyle bin တို့ ကနေ information တွေကို ပြန်ယူတာကိုပြောတာပါ။ဒီနည်းလမ်းဟာ အရမ်းကို popular ဖြစ်ခဲ့ ပါတယ်
phiysical penetration ဆိုတဲ့ အတိုင်း ဘာ language မှလည်းတတ်စရာမလိုဘူးလေဟိဟိ
Kevin Mitnick ဆိုတဲ့ နာမည်ကြီး ဟက်ကာ ဟောင်းကြီး တောင်မှ ဒီနည်းကိုသုံးခဲ့ တယ်ဆိုဘဲ
သူက တချိန်တုန်းက SE နဲ့နာမည်ကြီးခဲ့တဲ့ ဟက်ကာတယောက်လို့ဆိုပါတယ်(အနော်မှမသိတာ)
ကျနော် တို့ ရုံးတွေမှာ မြင်ဖူးမှာပေါ့ စာရွက်တစ်ရွက်
အဲ့စာရွက်ထဲမှာ မှားနေတာ က ၁ ခု ၂ ခုရယ် မှားတယ်ဆိုပီး ဆရာသမားက အမှိုက်ပုံးထဲ သွားထည့်မယ်
ဒီချိန် မှာ အဲ့စာရွက်ကို ရသွားမယ်ဆိုရင် ကျနော် တို့အတွက်အသုံးမ၀င်ဘူးလား?
ဝင်တာပေါ့နော် မှားနေတာက ၁ ခု ၂ခု လေ ကျန်တဲ့ information အမှန်တွေကိုရနိုင်တာပေါ့
မြင်အောင်သေချာပြပါမယ်
1# Network Diagram
Network ကိုဖောက်ဖို့ကြံစည်နေတဲ့ ဟက်ကာ တယောက်ဟာ အောက်မှာပြထားတဲ့ ပုံထဲကလို Network Diagram (Network Infrastructure) တစ်ခုကို ရလိုက်ပီဆို
သူ့အတွက် အတော်ကိုလွယ်ကူသွားပါလိမ့်မယ်
2# Headed Paper
တချို့company တွေမှာ Headed paper တွေထုတ်ပေးတာမြင်ဖူးမှာပေါ့ အနော်လုပ်ဖူးတဲ့ company မှာတော့ ပေးတယ်ခမျ
Department တိုင်းကိုပေးတာပါ ကျနော့်ကို အလုပ်ခန့်လိုက်တယ် ကျနော့်ရဲ့ information အနည်းငယ်လည်းပါဝင်တာပေါ့
ကျနော်ကလွဲရင် အားလုံးက go to the gabage ပါဘဲ
အဲ့လိုစာရွက်တွေကနေလည်း information တွေရနိင်သေးတယ်
3# Invoices
ဒါကတော့ vocher တွေပဲဆိုပါစို့။ ဟင်းရွက်ကန်ဇွန်းရောင်းတဲ့ ဟာတွေတော့ သွားမကောက်နဲ့နော် ဟိဟိ
တကယ့် company ကြီးတွေမှာဆို ကျကျနန ရေးကြတာဗျ
အောက်မှာပုံပြထားပါတယ် ၀ယ်တဲ့ သူရဲ့ အချက်လက်အချို့ ရောင်းတဲ့ company ရဲ့ အချက်အလက်အချို့ ကိုရနိုင်ပါတယ်
အနည်းဆုံးတော့ ဈေးနှုန်းပါမယ် ဒါတွေဟာလည်းသုံးတတ်ရင် အကျိုးရှိတာပါဘဲ
4# Username & Passwrod
အောက်ကပုံကို အရင်ကြည့်လိုက်ပါ တချို့အဲလိုလုပ်ကြပါတယ် ဟုတ်ပြီ
အဲ့စာရွက်လေးက ကော်ကွာသွားတယ်ဆိုပါတော့ အိမ်က အမေက အောက်မှာကျနေလို့ အမှိုက်ပုံးထဲ စေတနာနဲ့ကောက်ထည့်ရင် သင် username & password ကိုရပြီ
5# Electronic & Media
သင့်ကို မေးခွန်းတစ်ခုအရင်မေးချင်တယ် USB Stick ပျောက်ဖူးလား?
မပျောက်ဖူးဘူးဆိုရင်တော့ သင်ဟာ ကျနော် နဲ့မတူဘဲ အလွန်စည်းကမ်း ရှိတဲ့သူဖြစ်မှာပါ ဟိဟိ
Information Leckage ဖြစ်တယ်ဆိုတာ 70% က user ကြောင့်ပါဘဲတဲ့ စည်းကမ်းမှမရှိတာ (ကျနော့လိုပေါ့)
နောက်တခုက တော့ recovery software တွေလည်းကြားဖူးမှာပေါ့ မကြားဖူးဘူးဆိုရင်တော့ အောက်မှာ comment ရေးခဲ့ တင်ပေးမယ် ဟိ
ကျနော် တို့ရဲ့ USB တို့ hard disk တို့ဆိုတာ ကျနော်တို့ delete လုပ်လိုက်ပေမယ့်  အပြီးပိုင်ပျက်သွားတာမျိုးမဟုတ်ပါဘူး
magnetic circle ရဲ့ အပြင်ဖက်ကို ရောက်သွားတဲ့ သဘောပါ ဒီတော့ recover လုပ်နိုင်ပါတယ်
ဖုန်းတစ်လုံးဆိုပါစို့ အဲ့ဖုန်းထဲမှာ သင်က ဟီဟီဟာဟာ လုပ်ပြီး ကောင်မလေးတယောက်နဲ့ ဘာညာပုံတွေ ရိုက်ထားတယ်
ခဏနေတော့ ဖျက်လိုက်တယ် သိပ်မကြာဘူး ဖုန်းပျက်သွားတယ် ဖုန်းဆိုင်သွားပို့တယ် ဖုန်းဆိုင်မှာက ဒီ ကျူတိုကိုဖတ်ထားတဲ့ အနော့်လို ငတိတစ်ကောင်ရှိတယ်ဆိုပါစို့
(သင့်ဘ၀က မတွေးဝံ့စရာပါ) ဟိဟိ
6# Handbooks,Manuals And Operating Procddures
တချို့ company တွေမှာ company စည်းကမ်းတွေ လုပ်ဆောင်ရမယ့် အရာတွေ နောက်တော့ သူတို့ရဲ့ ရည်မှန်းချက် (goal) တွေကို handbook အနေနဲ့ပေးကြပါတယ်
နောက် ၃ လကြာတော့ company ကစာအုပ် အသစ်ထပ်ထုတ်တယ် update လုပ်တာပေါ့
go to trash လုပ်ကြပြန်ရော အနော် ရရင်တော့ ဘာမှမဖြစ်ဘူး လိမ်လည်မယ့် လူလိမ်တစ်ယောက်အတွက် တော့ အသုံးဝင်မှာပါ
7# Signature
သင့်ရဲ့ signature ပါတဲ့ စာရွက်ကို အမှိုက်ပုံးထဲ ထည့်ဖူးပါသလား?
ကျနော် ဆိုရင်တော့ အိမ်က ငွေလွှဲထားတဲ့ စာရွက်တွေမှာ လက်မှတ်ထိုးတာမနည်ပါဘူး တခါတလေ မှတ်ပုံတင် နံပါတ်တောင်ပါသေး
သင် Catch me if u can ကြည့်ဖူးရင် လက်မှတ်တွေဘယ်လို အသုံးဝင်လဲဆိုတာသိမှာပါ
8# Shredder paper
ကဲနောက်ဆုံးတစ်ခုက Shredder နဲ့ သမထားတဲ့ စာရွက်တွေတောင် 100% မလုံခြုံပါဘူးတဲ့
ဘာလို့လဲဆို သင် ပြန်ပြီးတော့ reconstruct လုပ်နိုင်တယ်လေ
Unshredder တွေဖြစ်သွားတာပေါ့လို့ ဟိဟိ
အဆင်ပြေကြမယ်ထင်ပါတယ်
တစ်ခုမှာချင်တာကတော့ စည်းကမ်းရှိပါနော် မာမီတို့






No comments:
Post a Comment